System 286 (On Going) Arc 1 End (မင္႐ွီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi

“အား….မင္႐ွီးေျဖးေျဖး ေျဖးေျဖး “

“ဟာ…အကိုကလည္း ကြၽန္ေတာ့အလွည့္တုန္းကေတာင္ဘာသံမွမထြက္ဘူး “

“ကိုယ္ကမင္းနာမွာဆိုးလို႔သာသာေလးလုပ္ေပးတာေလ…. အခုမင္းျပန္လုပ္ေပးတာက အားႀကီးနဲ႔မဟုတ္ဘူးလား”

“ကြၽန္ေတာ္မွ ျကပ္ထုပ္ေကာင္းေကာင္းမထိုးေပးတတ္တာ…အကို႔ဟာအကိုမွန္ၾကည့္ပီးထိုးလိုက္ေတာ့…. ကြၽန္ေတာ့ေၾကာင့္ဒဏ္ရာေတြပိုဆိုးကုန္လိမ့္မယ္”

“ရတယ္ ရတယ္….ကိုယ္ကစေနတာ
လံုးဝမနာဘူး တစ္စက္ေလးမွမနာဘူး ဆက္ထိုးေပး “

“ဗ်ာ..ဟုတ္ ဟုတ္ “

မိမိကဒီအခြင္႔အေရးကိုလက္လြွတ္ရေအာင္အ႐ူးမဟုတ္တာ…မွန္ေၾကာင္ေလးေစတနာနဲ႔ၾကပ္ထုပ္ထိုးေပးေနတာ နာလည္းသည္းခံမွာပဲ တစ္ခ်က္တစ္ခ်က္ ႏႈတ္ခမ္းေသးေသးေလးနဲ႔ ေလေႏြးေႏြးေလးမ်ားပင္မႈတ္ေပးတတ္ေသးသည္ …
‘မၾကာခင္ မင္းကိုဖြင့္ေျပာေတာ့မယ္မွန္ေျကာင္ေလးေရ ကိုယ့္ေကာင္ေလးျဖစ္ဖို႔သာျပင္ထားပါ’
ဟန္ယြင္ မိမိအေတြးႏွင့္မိမိျပံဳးျပံဳးႀကီးျဖစ္ေနသည္…
ဟန္ယြင္ မသိလိုက္သည္က မိမိေ႐ွ႕တြင္ ေယာက္ယတ္ခတ္ေနေသာ ကယ္ရီ

“အကို…အကိုဟန္ယြင္
ကြၽန္ေတာ္ေခၚတာၾကားလား…
System ေရလုပ္ပါအံုး အကိုဟန္ယြင္ဘာျဖစ္သြားတာလည္းမသိဘူး ငါေခၚတာကိုလည္းျပန္မထူးဘူး ျပံဳးျပံဳးႀကီးနဲ႔ငါ့ကိုျကည့္ပဲျကည့္ေနတယ္ “

System: “Host ၾကပ္ထုပ္ထိုးတာအားျပင္းသြားလို႔ ျပံဳးျပံဳးႀကီးသတိလစ္သြားတာေနမွာေပါ့ “

System စကားကိုၾကားပီး ကယ္ရီ ဟန္ယြင့္ပခံုးႏွစ္ဖက္အားလႈပ္ရမ္းလိုက္မွ

“ဘာျဖစ္တာလဲ ဘာျဖစ္လို႔လဲ မွန္ေၾကာင္ေလး ” ဟန္ယြင္သတိမထားမိလိုက္ပဲ မိမိစိတ္ထားတြင္ေခၚေသာနာမည္ေလးအားထုတ္ေခၚမိလိုက္သည္…။

“ဟို…အကို႔ကို ကြၽန္ေတာ္ေခၚေနတာျကာေနပီ ဒါေပမယ့္အကိုကျပန္မထူးဘဲနဲ႔ျပံဳးျပံဳးႀကီးပဲၾကည့္ေနလို႔ အဲ့တာေၾကာင့္..”

‘ေတာ္ပါေသးတယ္ မင္ရွီးသူ့ ့ကိုမွန္ေၾကာင္ေလးလို့ေခၚတာသတိမထားမိလိုက္ဘူး ‘

“အာ..ဟုတ္တယ္
ေစာတီးေနာ္ ကိုယ္နည္းနည္းအေတြးလြန္ေနလို႔ …..မင္႐ွီး အိပ္ခ်င္ရင္သြားအိပ္ေတာ့ေလ ဒီေန႔ပင္ပန္းထားတာမလား “

“ဟုတ္….ဒါဆိုကြၽန္ေတာ္သြားအိပ္ေတာ့မယ္ေနာ္…ေကာင္းေသာညျဖစ္ပါေစအကိုဟန္ယြင္ “

“ဒါနဲ႔ မင္႐ွီး….မနက္ျဖန္ ကိုယ္နဲ႔
အျပင္ေလ်ွာက္လည္မလား “

“ဟုတ္ သြားမယ္ေလ “
ျငင္းစရာလား ေလ်ွာက္လည္ရင္မုန္႔ေတြအမ်ားႀကီးစားရမွာ

System: “ငတ္ကိုငတ္တယ္”

ဟန္ယြင္ မွန္ေၾကာင္ေလး၏အေျဖအားၾကားပီးဝမ္းသာသြားသည္..။
မနက္ျဖန္ မင္းေလးကို ဘယ္ေလာက္ခ်စ္ေၾကာင္းတစ္ဝႀကီးေျပာမယ္…ဟန္ယြင္ ဖုန္းကိုထုတ္ပီး

“မနက္ျဖန္ ငါေျပာထားတဲ့အတိုင္း စီစဥ္ထားလိုက္ “

……………….

“အေျခေနဘယ္လို႐ွိလဲ “

“လူေတာ္ေတာ္မ်ားမ်ားေတာ့ပါသြားပါတယ္ဂိုဏ္းခ်ဳပ္…လူေဟာင္းေတြထက္ မၾကာေသးခင္ကလက္နက္ကိစၥမွာသံုးဖို႔ဆိုပီး စုထားတဲ့လူသစ္ေတြပါသြားပါတယ္…ကြၽန္ေတာ္စိုးရိမ္တာက အသစ္ေတြဆိုေတာ့ ပါးစပ္မလံုမွာကိုပါ “

“ေတာက္!!!!!
ေခြးမသား ဟန္ယြင္…. ငါ့ကိုလွည့္စားရဲတယ္ေပါ့ ” ဂိုဏ္ခ်ဳပ္ဝမ္တစ္ေယာက္အလြန္ေဒါသထြက္ေနသည္။

“ဂိုဏ္းခ်ဳပ္ အေရးႀကီးတာကအျမန္ေ႐ွာင္ရပါမယ္…ဒီေနရာကမလံုျခံဳေတာ့ဘူး…ျဖစ္ႏိုင္ရင္ျပည္ပကိုခဏေ႐ွာင္ေနတာေကာင္းပါလိမ့္မယ္”

“အင္း…. ငါလည္းအဲ့လို႔ပဲစဥ္းစားထားတယ္… ဒါေပမယ့္ မသြားခင္ ဟန္ယြင္ ဆိုတဲ့ေကာင္ကို လက္ေဆာင္ေလးေပးခဲ့ရမွာေပါ့ “

“ဂိုဏ္းခ်ဳပ္ဆိုလိုတာက?????”

“ငါဘာကိုဆိုလိုတယ္ဆိုတာ မင္းသေဘာေပါက္ပါတယ္ကြာ “

“ဟုတ္ကဲ့ ကြၽန္ေတာ္ဒီေန႔ပဲစီစဥ္လိုက္ပါမယ္ ….
ဂိုဏ္ခ်ဳပ္ ကြၽန္ေတာ္ေျပာဖို႔တစ္ခုက်န္ပါေသးတယ္…. သခင္မေလးဝမ္ဝမ္ေပ်ာက္ေနတာ ငါးရက္ေလာက္႐ွိပါပီ အစကေတာ့သခင္မေလးပံုမွန္အတိုင္းသူ႔သူငယ္ခ်င္းေတြနဲ႔ခရီးထြက္ေနတယ္ထင္ခဲ့တာပါ ဒါေပမယ့္ သခင္ေလးသူငယ္ခ်င္းေတြအကုန္ဘယ္မွမသြားၾကပါဘူး အဲ့တာေၾကာင့္ ကြၽန္ေတာ္စံုစမ္းၾကည့္ေတာ့ သခင္မေလးေပ်ာက္ေနတယ္လို႔ယူဆရပါတယ္ ဂိုဏ္းခ်ဳပ္ “

“ဘာ!!!!
ရာရာစစဘယ္သူကငါ့သမီးကိုထိရဲတာလဲ ေျပာစမ္း ဝမ္ဝမ္ကိုေနာက္ဆံုးဘယ္မွာေတြ႔ခဲ့တာလဲ “

“ဟန္ယြင္ရဲ႕ ေကာ္ဖီဆိုင္မွာပါ
သခင္မေလးက မင္႐ွီးဆိုတဲ့ေကာင္ေလးကို လူၾကားထဲမွာပါး႐ိုက္ပီး ဟန္ယြင္နဲ႔မပတ္သတ္ဖို႔ေျပာပီးဆိုင္ထဲကေနအထြက္ ေပ်ာက္သြားတာပါ “

“ေတာက္!!!!!
ဒါလည္း ဟိုေခြးမသားလက္ခ်က္ပဲေနမွာ ငါ့သမီးကိုအျမန္႐ွာၾကစမ္း “
(AN- အဖိုးႀကီး ႐ွင္ကြၽန္မဘဲကိုဆဲေနတာမ်ားေနပီေနာ္ 😒)

…………………

“မင္႐ွီး မၿပီးေသးဘူးလား
႐ုပ္႐ွင္ မမွီပဲေနလိမ့္မယ္ေနာ္ “

“ပီးေတာ့မယ္ဗ် ခဏေလးေစာင့္ေပးအံုးေနာ္ “

ကယ္ရီအေပၚတြင္ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနသည္..။ မနက္သူႏိုးေတာ့ System ဆီမွအခ်က္ေပးသံၾကားလိုက္ရသည္…။ မစ္႐ွင္အလံုးစံုၿပီးေျမာက္သျဖင့္ ဤကမာၻမွထြက္သြားႏိုင္ေၾကာင္း…ၾကည့္ရတာေတာ့ သူအသက္ကယ္ဖို႔တာဝန္႐ွိတဲ့လက္က်န္ဂိုဏ္းသားေတြဖမ္းမိသြားပီထင္သည္…(သူ႔ကိုျပန္ေပးဆြဲတုန္းကတစ္ဝက္ေလာက္ဖမ္းမိထားတာေနာ္)

“System ငါအခုထြက္သြားလိုက္ရင္ မင္႐ွီးကဘာျဖစ္သြားမွာလဲ “

System: “နဂိုကတည္းက ဝိညာဥ္မ႐ွိေတာ့တဲ့ကိုယ္မလို႔ hostထြက္သြားတာနဲ႔ေသဆံုးသြားမွာပါ “

“ဒါဆိုငါကမထြက္သြားရင္ေရာ “

System: “Hostမထြက္ဘူးဆိုရင္ ဒီကမာၻမွာေနမယ္ဆိုတဲ့အဓိပၸါယ္သက္ေရာက္သြားတဲ့အတြက္ ကြၽန္ေတာ္ကထြက္သြားရမွာပါ Hostကေတာ့ မင္႐ွီးအျဖစ္နဲ႔ဆက္လက္႐ွင္သန္ၿပီး ေသဆံုးခ်ိန္တိုင္ရင္အၿပီးတိုင္ေသဆံုးသြားမွာပါ “

“ျပန္မွာ ျပန္မွာ မေနဘူး ဟီး….
ဒါေပမယ့္ေလ ညက်မွဒီကမာၻကထြက္လို႔မရဘူးလား…ဒီေန႔အကိုဟန္ယြင္နဲ႔အျပင္ေလ်ွာက္လည္မယ္လို႔ကတိေပးထားလို႔… ၿပီးေတာ့ အကိုခ်င္းခ်ိဳး ၊ က်န္းခ်န္ ၊ အမလင္ ၊ျခံေစာင္ဦးေလးႀကီး ငါႏႈတ္ဆက္ရမဲ့သူေတြအမ်ားႀကီးပဲ “

System: “ဘာလဲ…. Hostက ကြၽန္ေတာ္ေသေတာ့မွာပါဆိုပီး လူစံုတက္စံုလိုက္ေၾကျငာမလို႔လား… ည၁၂နာရီ မထိုးခင္အထိဒီမွာေနလို႔ရတယ္ ၁၂ထိုးလို႔မွမျပန္ျဖစ္ခဲ့ရင္ Hostက မင္႐ွီးအျဖစ္နဲ႔ ဆက္လက္႐ွင္သန္ရလိမ့္မယ္ “

“ရတယ္ ရတယ္ ၁၂ထိုးမွဆိုေတာ့အခ်ိန္ေတြအမ်ားႀကီး႐ွိေသးတာပဲ အကိုဟန္ယြင္ ေစာင့္ေနရတာၾကာေနလိမ့္မယ္ ေအာက္ျမန္ျမန္ဆင္းေတာ့မယ္ “

ကယ္ရီတို႔ႏွစ္ေယာက္ ပထမဆံုး႐ုပ္႐ွင္သြားျကည့္ၾကသည္..။ ထို႔ေနာက္ ကစားကြင္းသြားကာ ကစားစရာမွန္သမ်ွပတ္ေဆာ့သည္….ဟန္ယြင္တစ္ေယာက္ ကေလးထိန္းလံုးလံုးကိုျဖစ္ေနသည္..။

အမွန္ပါ မိမိမွန္ေၾကာင္ေလး ဒီေလာက္ေမ်ာက္႐ႈံးေအာင္ေဆာ့လိမ့္မည္ဟုလံုးဝမထင္ထားခဲ့…အေနေအးၿပီး အစားေသာင္းက်န္းတဲ့ဝက္ကေလးဟုထင္ခဲ့သည္မွာ တက္တက္စင္ေအာင္မွားသြားသည္…

“မင္႐ွီး ေဆာ့လို႔ဝၿပီလား ထိုင္ပီးအနားေလးလည္းယူပါအံုး “

“ဟီးးး ကြၽန္ေတာ္ဒါေတြကိုတစ္ခါမွမစီးဖူးဘူး ဒါပထမဆံုးစီးဖူးတာ အရမ္းေပ်ာ္စရာေကာင္းတာပဲ “

“မင္းႀကိဳက္ရင္ ကိုယ္အျမဲလိုက္ပို႔ေပးမွာေပါ့ ” ကယ္ရီထိုစကားၾကားပီးမ်က္ႏွာတစ္ခ်က္ပ်က္သြားသည္….စိတ္ထဲမွလည္း ေတာင္းပန္စကားခဏခဏေျပာေနမိသည္

“ဒါပီးရင္ ျပန္ေတာ့မွာလား အကိုဟန္ယြင္ “

“မဟုတ္ဘူး ဒါၿပီးရင္ အရမ္းအေရးႀကီးတဲ့ေနရာကိုသြားမွာ “

“အရမ္းအေရးႀကီးတဲ့ေနရာ ဟုတ္လား ဘယ္ေနရာလဲ အကိုဟန္ယြင္ “

“ေရာက္ေတာ့သိပါလိမ့္မယ္ “

“အာ့ဆိုအခုသြားမယ္ေလ ကြၽန္ေတာ္ေဆာ့လို႔ပီးပီ သြားမယ္ အဲ့ေနရာကို “

“မေလာပါနဲ႔ မ်က္မွန္ကိုကိုရယ္ ကြၽန္ေတာ္မ်ိဳးတို႔ ဒီခ်ိန္ထိမစားရေသးဘူးဆိုတာေရာသတိရေသးလား ေပါက္ေပါက္စားလိုက္ ေရခဲမုန္႔စားလိုက္ ငွက္သိုက္မုန့္စားလိုက္လုပ္ေနခဲ့တာေလ တစ္ခုခုစားပီးမွအဲ့ေနရာကိုသြားမယ္ “

“ဟီး….. အကိုေျပာမွ ဗိုက္ေတာက္ဆာလာသလိုပဲ”

ဟန္ယြင္ေျပာသည့္ အေရးႀကီးသည့္ေနရာသို႔ေရာက္သည့္အခ်ိန္တြင္ ေကာင္းကင္မွာေမွာင္စျပဳေနသည္..။

“အကိုေျပာတဲ့အေရးႀကီးတဲ့ေနရာဆိုတာ ဒီပန္းျခံကိုေျပာတာလား ဒါနဲ႔ဘာလို႔လူတစ္ေယာက္မွမ႐ွိတာလည္း “

“ၾကည့္ရတာ အလုပ္မ်ားေနလို႔ေနမွာေပါ့…လာကိုယ္တို႔အထဲသြားၾကည့္ရေအာင္ “တကယ္ေတာ့ဟန္ယြင္ ပန္းျခံတစ္ခုလံုးကိုငွါးထားျခင္းျဖစ္သည္..။ဟန္ယြင္ ကယ္ရီအားေခၚကာပန္းျခံထဲသို႔ဝင္သြားသည္..။ သို႔ေသာ္ ေနာက္မွတိတ္တိတ္ေလးပါလာသူအားသတိမထားမိခဲ့….

“ဝါး…ပန္းေတြအမ်ားႀကီးပဲ
လွလိုက္တာ…..
အမ္… အကိုဟန္ယြင္ ဘယ္ေရာက္သြားတာလဲ “

System: “ဘယ္မွမေရာက္ဘူး ဒီလမ္းအဆံုးမွာ Hostကိုေစာင့္ေနတယ္ “

“ေအာ္ဟုတ္လား….ဒါဆိုငါျမန္ျမန္သြားမွျဖစ္မယ္…. ေတာ္ၾကာအကိုဟန္ယြင္ေစာင့္ေနရတာၾကာေနလိမ့္မယ္ ” ကယ္ရီလမ္းဆံုးသို႔ေျပးသြားသည္..

ေလ်ွာက္လမ္းအဆံုးတြင္ ေရာင္စံုေဘာလံုးေလးမ်ားေျမျပင္ေပၚတြင္စိုက္ထားကာ အျဖဴေရာင္ႏွင္းဆီပန္းမ်ားျဖစ္အလွဆင္ထားေသးေနရာတစ္ခု႐ွိေနခဲ့သည္..။ ထိုေနရာ၏ အလယ္ဗဟိုတြင္ရပ္ေနခဲ့သူကား ဟန္ယြင္

‘ငါသူ႔ကိုဘယ္လိုဖြင့္ေျပာရမလဲ မၾကာခင္သူအဲ့လမ္းကေနထြက္လာေတာ့မွာ ဘာလို႔စကားတစ္ခြန္းမွစဥ္းစားမရေတာ့တာလဲ ဒီမလာခင္ရမွန္ေ႐ွ႕မွာအႀကိမ္အမ်ားႀကီးေလ့က်င့္ခဲ့တယ္ေလ’

ထိုစဥ္ဟန္ယြင္ေ႐ွ႕႐ွိျခံဳအကြယ္တြင္ သူ့အားခ်ိန္ထားေသာေသနတ္တစ္လက္..ခလုုတ္ဆြဲကာဟန္ယြင္အားပစ္လိုက္ခ်ိန္တြင္

“အကိုဟန္ယြင္”
ေလ်ွာက္လမ္းမွဟန္ယြင္ဆီသို႔ေျပးလာေသာေကာင္ေလး…..
ဟန္ယြင္ၾကည့္လိုက္မိခ်ိန္ သူ႔ကမာၻႀကီးရပ္တန္႔သြားၿပီဟုထင္မွတ္လိုက္ရသည္
“မင္႐ွီး!!!!!!!”
ဟန္ယြင္ ေသြးမ်ားေပက်ံေနေသာေကာင္ေလးအားေျပးေပြ႔လိုက္သည္
“မင္႐ွီး ကိုယ္ေျပာတာၾကားလား
မင္႐ွီး မင္႐ွီး….. “ဟန္ယြင္ ေသြး႐ူးေသြးတန္းျဖင့္ေခၚေနမိသည္..

System: “Host ဒီကိုယ္ထဲအခုထြက္မွျဖစ္မယ္ေနာ္ မဟုတ္ရင္Hostပါေသလိမ့္မယ္ “

“အင္း သြားၾကတာေပါ့ ” ကယ္ရီ ဟန္ယြင္အားျပံဳးၾကည့္ရင္းၿငိမ္သက္သြားခဲ့သည္..။

“အား…..ဒီလိုမျဖစ္ရဘူးေလ
ကိုယ့္ကိုထားမသြားပါနဲ႔ ကိုယ္မင္းကိုခ်စ္တဲ့အေၾကာင္းေတြမေျပာျပရေသးဘူးေလ မင္႐ွီး ကိုယ့္ကိုၾကည့္….ကိုယ့္ကိုၾကည္႔ပါအံုးလို႔… ကိုယ္ကမင္းကိုသိပ္ခ်စ္တာ သိလား ဒီမွာၾကည့္အံုး ေရာင္စံုေဘာလံုးေလးေတြမလွဘူးလား မင္းႀကိဳက္တတ္တဲ့ႏွင္းဆီပန္းအျဖဴေလးေတြနဲ႔လည္းျပင္ထားေသးတယ္ေလ အဲ့တာေၾကာင့္ေက်းဇူးျပဳၿပီးမ်က္လံုးဖြင့္ပါအံုး ကိုယ္မင္းကိုဘယ္ေလာက္ခ်စ္ေၾကာင္းေျပာတာကိုလည္းနားေထာင္ေပးပါအံုး
မင္႐ွီး!!!!!!!!!!!!!!!”

ဟန္ယြင္ ေန႔ေန႔ညညစိတ္ကူးယဥ္ခဲ့ရသည့္ေနရာေလးက ဟန္ယြင္တစ္ခါမွမစဥ္းစားဖူးခဲ့တဲ့အျဖစ္ပ်က္မ်ိဳးျဖစ္ခဲ့သည္..။ ရဲမ်ားေရာက္လာကာ မင္႐ွီးအေလာင္းအားစစ္ေဆးရန္သယ္ယူဖို႔ႀကိဳးစားေသာ္လည္း ဟန္ယြင္မွအ႐ူးတစ္ေယာက္လိုဖက္ထားကာမည္သူမွအထိမခံခဲ့ မ်က္လံုးမ်ားနီရဲကာ မင္႐ွီး၏ေသြးမ်ားျဖင့္တစ္ကိုယ္လံုးေပက်ံေနသည္မွာ နတ္ဆိုးတစ္ေကာင္ႏွင္ပင္တူေနေတာ့သည္….

☄☄☄☄☄Arc 1 End☄☄☄☄☄

AN-ဝမ္ဝမ္ဘယ္လိုျဖစ္သြားလဲဆိုတာမေျပာလည္းသိၾကတယ္မလား ေခ်ာင္တစ္ေခ်ာင္မွာေသခ်င္လည္းေသ႐ွင္ခ်င္လည္း႐ွင္ေနမွာေပါ့ 😆 ယူတို႔ျဖစ္ေစခ်င္တဲ့ဝမ္ဝမ္ရဲ႕ဇာတ္သိမ္းေလးအပန္းမႀကီးရင္မန္႔ခဲ့လို႔ရပါတယ္
Endဆိုေပမယ့္က်န္ေသးတယ္ေနာ္
ၿပီးေတာ့ Arc 1မွာ ဖြင့္ေတာင္မေျပာလိုက္ရတဲ့ဟန္ယြင္အတြက္စိတ္မေကာင္းပါဘူး…
ကိုယ္ေရးခ်င္တဲ့ပံုစံမ်ိဳးကေလ Arcေတြခြဲထားတယ္ဆိုေပမယ့္ တစ္ပုဒ္ထဲဖတ္ေနရသလိုမ်ိဳးေလ ဥပမာ Arc 3မဖတ္ထားရင္ arc 4ကိုနားမလည္သလိုမ်ိဳး အဲ့လိုမ်ိဳးဖန္တီးၾကည့္ခ်င္တာပါ Arc 1မွာဆိုရင္ ကယ္ရီက အခ်စ္ဆိုတာကိုဘာမွန္းမသိေသးတဲ့ပံုစံမ်ိုးသြားထားတယ္ သူခံစားရတာက ေႏြးေထြးတဲ့ေမတၱာတရား ေလာက္ပဲသိသလိုေပါ့ ေနာက္arcေတြမွ သူ႔ကိုယ္သူ ျပန္လည္စမ္းစစ္တဲ့အပိုင္းေတြေပါ့ေနာ္ အဲ့လိုမ်ိဳးေလးေရးခ်င္လို႔ ဒီအပိုင္းမွာယုတ္မာလိုက္ရတာပါ ေနာက္Arcေတြမွာလည္းၾကံဳရင္ၾကံဳသလိုယုတ္မာပါမယ္😁
အခုမွစေရးတာဆိုေတာ့ေလ ခ်ာတူးလန္ေနမွန္းလဲသိပါတယ္ သည္းခံဖတ္ေပးလို႔လည္းေက်းဇူးတင္ပါတယ္ 😙

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

“အား….မင်ရှီးဖြေးဖြေး ဖြေးဖြေး “

“ဟာ…အကိုကလည်း ကျွန်တော့အလှည့်တုန်းကတောင်ဘာသံမှမထွက်ဘူး “

“ကိုယ်ကမင်းနာမှာဆိုးလို့သာသာလေးလုပ်ပေးတာလေ…. အခုမင်းပြန်လုပ်ပေးတာက အားကြီးနဲ့မဟုတ်ဘူးလား”

“ကျွန်တော်မှ ကြပ်ထုပ်ကောင်းကောင်းမထိုးပေးတတ်တာ…အကို့ဟာအကိုမှန်ကြည့်ပီးထိုးလိုက်တော့…. ကျွန်တော့ကြောင့်ဒဏ်ရာတွေပိုဆိုးကုန်လိမ့်မယ်”

“ရတယ် ရတယ်….ကိုယ်ကစနေတာ
လုံးဝမနာဘူး တစ်စက်လေးမှမနာဘူး ဆက်ထိုးပေး “

“ဗျာ..ဟုတ် ဟုတ် “

မိမိကဒီအခွင့်အရေးကိုလက်လွှတ်ရအောင်အရူးမဟုတ်တာ…မှန်ကြောင်လေးစေတနာနဲ့ကြပ်ထုပ်ထိုးပေးနေတာ နာလည်းသည်းခံမှာပဲ တစ်ချက်တစ်ချက် နှုတ်ခမ်းသေးသေးလေးနဲ့ လေနွေးနွေးလေးများပင်မှုတ်ပေးတတ်သေးသည် …
‘မကြာခင် မင်းကိုဖွင့်ပြောတော့မယ်မှန်ကြောင်လေးရေ ကိုယ့်ကောင်လေးဖြစ်ဖို့သာပြင်ထားပါ’
ဟန်ယွင် မိမိအတွေးနှင့်မိမိပြုံးပြုံးကြီးဖြစ်နေသည်…
ဟန်ယွင် မသိလိုက်သည်က မိမိရှေ့တွင် ယောက်ယတ်ခတ်နေသော ကယ်ရီ

“အကို…အကိုဟန်ယွင်
ကျွန်တော်ခေါ်တာကြားလား…
System ရေလုပ်ပါအုံး အကိုဟန်ယွင်ဘာဖြစ်သွားတာလည်းမသိဘူး ငါခေါ်တာကိုလည်းပြန်မထူးဘူး ပြုံးပြုံးကြီးနဲ့ငါ့ကိုကြည့်ပဲကြည့်နေတယ် “

System: “Host ကြပ်ထုပ်ထိုးတာအားပြင်းသွားလို့ ပြုံးပြုံးကြီးသတိလစ်သွားတာနေမှာပေါ့ “

System စကားကိုကြားပီး ကယ်ရီ ဟန်ယွင့်ပခုံးနှစ်ဖက်အားလှုပ်ရမ်းလိုက်မှ

“ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ မှန်ကြောင်လေး ” ဟန်ယွင်သတိမထားမိလိုက်ပဲ မိမိစိတ်ထားတွင်ခေါ်သောနာမည်လေးအားထုတ်ခေါ်မိလိုက်သည်…။

“ဟို…အကို့ကို ကျွန်တော်ခေါ်နေတာကြာနေပီ ဒါပေမယ့်အကိုကပြန်မထူးဘဲနဲ့ပြုံးပြုံးကြီးပဲကြည့်နေလို့ အဲ့တာကြောင့်..”

‘တော်ပါသေးတယ် မင်ရှီးသူ့ ့ကိုမှန်ကြောင်လေးလို့ခေါ်တာသတိမထားမိလိုက်ဘူး ‘

“အာ..ဟုတ်တယ်
စောတီးနော် ကိုယ်နည်းနည်းအတွေးလွန်နေလို့ …..မင်ရှီး အိပ်ချင်ရင်သွားအိပ်တော့လေ ဒီနေ့ပင်ပန်းထားတာမလား “

“ဟုတ်….ဒါဆိုကျွန်တော်သွားအိပ်တော့မယ်နော်…ကောင်းသောညဖြစ်ပါစေအကိုဟန်ယွင် “

“ဒါနဲ့ မင်ရှီး….မနက်ဖြန် ကိုယ်နဲ့
အပြင်လျှောက်လည်မလား “

“ဟုတ် သွားမယ်လေ “
ငြင်းစရာလား လျှောက်လည်ရင်မုန့်တွေအများကြီးစားရမှာ

System: “ငတ်ကိုငတ်တယ်”

ဟန်ယွင် မှန်ကြောင်လေး၏အဖြေအားကြားပီးဝမ်းသာသွားသည်..။
မနက်ဖြန် မင်းလေးကို ဘယ်လောက်ချစ်ကြောင်းတစ်ဝကြီးပြောမယ်…ဟန်ယွင် ဖုန်းကိုထုတ်ပီး

“မနက်ဖြန် ငါပြောထားတဲ့အတိုင်း စီစဉ်ထားလိုက် “

……………….

“အခြေနေဘယ်လိုရှိလဲ “

“လူတော်တော်များများတော့ပါသွားပါတယ်ဂိုဏ်းချုပ်…လူဟောင်းတွေထက် မကြာသေးခင်ကလက်နက်ကိစ္စမှာသုံးဖို့ဆိုပီး စုထားတဲ့လူသစ်တွေပါသွားပါတယ်…ကျွန်တော်စိုးရိမ်တာက အသစ်တွေဆိုတော့ ပါးစပ်မလုံမှာကိုပါ “

“တောက်!!!!!
ခွေးမသား ဟန်ယွင်…. ငါ့ကိုလှည့်စားရဲတယ်ပေါ့ ” ဂိုဏ်ချုပ်ဝမ်တစ်ယောက်အလွန်ဒေါသထွက်နေသည်။

“ဂိုဏ်းချုပ် အရေးကြီးတာကအမြန်ရှောင်ရပါမယ်…ဒီနေရာကမလုံခြုံတော့ဘူး…ဖြစ်နိုင်ရင်ပြည်ပကိုခဏရှောင်နေတာကောင်းပါလိမ့်မယ်”

“အင်း…. ငါလည်းအဲ့လို့ပဲစဉ်းစားထားတယ်… ဒါပေမယ့် မသွားခင် ဟန်ယွင် ဆိုတဲ့ကောင်ကို လက်ဆောင်လေးပေးခဲ့ရမှာပေါ့ “

“ဂိုဏ်းချုပ်ဆိုလိုတာက?????”

“ငါဘာကိုဆိုလိုတယ်ဆိုတာ မင်းသဘောပေါက်ပါတယ်ကွာ “

“ဟုတ်ကဲ့ ကျွန်တော်ဒီနေ့ပဲစီစဉ်လိုက်ပါမယ် ….
ဂိုဏ်ချုပ် ကျွန်တော်ပြောဖို့တစ်ခုကျန်ပါသေးတယ်…. သခင်မလေးဝမ်ဝမ်ပျောက်နေတာ ငါးရက်လောက်ရှိပါပီ အစကတော့သခင်မလေးပုံမှန်အတိုင်းသူ့သူငယ်ချင်းတွေနဲ့ခရီးထွက်နေတယ်ထင်ခဲ့တာပါ ဒါပေမယ့် သခင်လေးသူငယ်ချင်းတွေအကုန်ဘယ်မှမသွားကြပါဘူး အဲ့တာကြောင့် ကျွန်တော်စုံစမ်းကြည့်တော့ သခင်မလေးပျောက်နေတယ်လို့ယူဆရပါတယ် ဂိုဏ်းချုပ် “

“ဘာ!!!!
ရာရာစစဘယ်သူကငါ့သမီးကိုထိရဲတာလဲ ပြောစမ်း ဝမ်ဝမ်ကိုနောက်ဆုံးဘယ်မှာတွေ့ခဲ့တာလဲ “

“ဟန်ယွင်ရဲ့ ကော်ဖီဆိုင်မှာပါ
သခင်မလေးက မင်ရှီးဆိုတဲ့ကောင်လေးကို လူကြားထဲမှာပါးရိုက်ပီး ဟန်ယွင်နဲ့မပတ်သတ်ဖို့ပြောပီးဆိုင်ထဲကနေအထွက် ပျောက်သွားတာပါ “

“တောက်!!!!!
ဒါလည်း ဟိုခွေးမသားလက်ချက်ပဲနေမှာ ငါ့သမီးကိုအမြန်ရှာကြစမ်း “
(AN- အဖိုးကြီး ရှင်ကျွန်မဘဲကိုဆဲနေတာများနေပီနော် 😒)

…………………

“မင်ရှီး မပြီးသေးဘူးလား
ရုပ်ရှင် မမှီပဲနေလိမ့်မယ်နော် “

“ပီးတော့မယ်ဗျ ခဏလေးစောင့်ပေးအုံးနော် “

ကယ်ရီအပေါ်တွင်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်..။ မနက်သူနိုးတော့ System ဆီမှအချက်ပေးသံကြားလိုက်ရသည်…။ မစ်ရှင်အလုံးစုံပြီးမြောက်သဖြင့် ဤကမ္ဘာမှထွက်သွားနိုင်ကြောင်း…ကြည့်ရတာတော့ သူအသက်ကယ်ဖို့တာဝန်ရှိတဲ့လက်ကျန်ဂိုဏ်းသားတွေဖမ်းမိသွားပီထင်သည်…(သူ့ကိုပြန်ပေးဆွဲတုန်းကတစ်ဝက်လောက်ဖမ်းမိထားတာနော်)

“System ငါအခုထွက်သွားလိုက်ရင် မင်ရှီးကဘာဖြစ်သွားမှာလဲ “

System: “နဂိုကတည်းက ဝိညာဉ်မရှိတော့တဲ့ကိုယ်မလို့ hostထွက်သွားတာနဲ့သေဆုံးသွားမှာပါ “

“ဒါဆိုငါကမထွက်သွားရင်ရော “

System: “Hostမထွက်ဘူးဆိုရင် ဒီကမ္ဘာမှာနေမယ်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်သွားတဲ့အတွက် ကျွန်တော်ကထွက်သွားရမှာပါ Hostကတော့ မင်ရှီးအဖြစ်နဲ့ဆက်လက်ရှင်သန်ပြီး သေဆုံးချိန်တိုင်ရင်အပြီးတိုင်သေဆုံးသွားမှာပါ “

“ပြန်မှာ ပြန်မှာ မနေဘူး ဟီး….
ဒါပေမယ့်လေ ညကျမှဒီကမ္ဘာကထွက်လို့မရဘူးလား…ဒီနေ့အကိုဟန်ယွင်နဲ့အပြင်လျှောက်လည်မယ်လို့ကတိပေးထားလို့… ပြီးတော့ အကိုချင်းချိုး ၊ ကျန်းချန် ၊ အမလင် ၊ခြံစောင်ဦးလေးကြီး ငါနှုတ်ဆက်ရမဲ့သူတွေအများကြီးပဲ “

System: “ဘာလဲ…. Hostက ကျွန်တော်သေတော့မှာပါဆိုပီး လူစုံတက်စုံလိုက်ကြေငြာမလို့လား… ည၁၂နာရီ မထိုးခင်အထိဒီမှာနေလို့ရတယ် ၁၂ထိုးလို့မှမပြန်ဖြစ်ခဲ့ရင် Hostက မင်ရှီးအဖြစ်နဲ့ ဆက်လက်ရှင်သန်ရလိမ့်မယ် “

“ရတယ် ရတယ် ၁၂ထိုးမှဆိုတော့အချိန်တွေအများကြီးရှိသေးတာပဲ အကိုဟန်ယွင် စောင့်နေရတာကြာနေလိမ့်မယ် အောက်မြန်မြန်ဆင်းတော့မယ် “

ကယ်ရီတို့နှစ်ယောက် ပထမဆုံးရုပ်ရှင်သွားကြည့်ကြသည်..။ ထို့နောက် ကစားကွင်းသွားကာ ကစားစရာမှန်သမျှပတ်ဆော့သည်….ဟန်ယွင်တစ်ယောက် ကလေးထိန်းလုံးလုံးကိုဖြစ်နေသည်..။

အမှန်ပါ မိမိမှန်ကြောင်လေး ဒီလောက်မျောက်ရှုံးအောင်ဆော့လိမ့်မည်ဟုလုံးဝမထင်ထားခဲ့…အနေအေးပြီး အစားသောင်းကျန်းတဲ့ဝက်ကလေးဟုထင်ခဲ့သည်မှာ တက်တက်စင်အောင်မှားသွားသည်…

“မင်ရှီး ဆော့လို့ဝပြီလား ထိုင်ပီးအနားလေးလည်းယူပါအုံး “

“ဟီးးး ကျွန်တော်ဒါတွေကိုတစ်ခါမှမစီးဖူးဘူး ဒါပထမဆုံးစီးဖူးတာ အရမ်းပျော်စရာကောင်းတာပဲ “

“မင်းကြိုက်ရင် ကိုယ်အမြဲလိုက်ပို့ပေးမှာပေါ့ ” ကယ်ရီထိုစကားကြားပီးမျက်နှာတစ်ချက်ပျက်သွားသည်….စိတ်ထဲမှလည်း တောင်းပန်စကားခဏခဏပြောနေမိသည်

“ဒါပီးရင် ပြန်တော့မှာလား အကိုဟန်ယွင် “

“မဟုတ်ဘူး ဒါပြီးရင် အရမ်းအရေးကြီးတဲ့နေရာကိုသွားမှာ “

“အရမ်းအရေးကြီးတဲ့နေရာ ဟုတ်လား ဘယ်နေရာလဲ အကိုဟန်ယွင် “

“ရောက်တော့သိပါလိမ့်မယ် “

“အာ့ဆိုအခုသွားမယ်လေ ကျွန်တော်ဆော့လို့ပီးပီ သွားမယ် အဲ့နေရာကို “

“မလောပါနဲ့ မျက်မှန်ကိုကိုရယ် ကျွန်တော်မျိုးတို့ ဒီချိန်ထိမစားရသေးဘူးဆိုတာရောသတိရသေးလား ပေါက်ပေါက်စားလိုက် ရေခဲမုန့်စားလိုက် ငှက်သိုက်မုန့်စားလိုက်လုပ်နေခဲ့တာလေ တစ်ခုခုစားပီးမှအဲ့နေရာကိုသွားမယ် “

“ဟီး….. အကိုပြောမှ ဗိုက်တောက်ဆာလာသလိုပဲ”

ဟန်ယွင်ပြောသည့် အရေးကြီးသည့်နေရာသို့ရောက်သည့်အချိန်တွင် ကောင်းကင်မှာမှောင်စပြုနေသည်..။

“အကိုပြောတဲ့အရေးကြီးတဲ့နေရာဆိုတာ ဒီပန်းခြံကိုပြောတာလား ဒါနဲ့ဘာလို့လူတစ်ယောက်မှမရှိတာလည်း “

“ကြည့်ရတာ အလုပ်များနေလို့နေမှာပေါ့…လာကိုယ်တို့အထဲသွားကြည့်ရအောင် “တကယ်တော့ဟန်ယွင် ပန်းခြံတစ်ခုလုံးကိုငှါးထားခြင်းဖြစ်သည်..။ဟန်ယွင် ကယ်ရီအားခေါ်ကာပန်းခြံထဲသို့ဝင်သွားသည်..။ သို့သော် နောက်မှတိတ်တိတ်လေးပါလာသူအားသတိမထားမိခဲ့….

“ဝါး…ပန်းတွေအများကြီးပဲ
လှလိုက်တာ…..
အမ်… အကိုဟန်ယွင် ဘယ်ရောက်သွားတာလဲ “

System: “ဘယ်မှမရောက်ဘူး ဒီလမ်းအဆုံးမှာ Hostကိုစောင့်နေတယ် “

“အော်ဟုတ်လား….ဒါဆိုငါမြန်မြန်သွားမှဖြစ်မယ်…. တော်ကြာအကိုဟန်ယွင်စောင့်နေရတာကြာနေလိမ့်မယ် ” ကယ်ရီလမ်းဆုံးသို့ပြေးသွားသည်..

လျှောက်လမ်းအဆုံးတွင် ရောင်စုံဘောလုံးလေးများမြေပြင်ပေါ်တွင်စိုက်ထားကာ အဖြူရောင်နှင်းဆီပန်းများဖြစ်အလှဆင်ထားသေးနေရာတစ်ခုရှိနေခဲ့သည်..။ ထိုနေရာ၏ အလယ်ဗဟိုတွင်ရပ်နေခဲ့သူကား ဟန်ယွင်

‘ငါသူ့ကိုဘယ်လိုဖွင့်ပြောရမလဲ မကြာခင်သူအဲ့လမ်းကနေထွက်လာတော့မှာ ဘာလို့စကားတစ်ခွန်းမှစဉ်းစားမရတော့တာလဲ ဒီမလာခင်ရမှန်ရှေ့မှာအကြိမ်အများကြီးလေ့ကျင့်ခဲ့တယ်လေ’

ထိုစဉ်ဟန်ယွင်ရှေ့ရှိခြုံအကွယ်တွင် သူ့အားချိန်ထားသောသေနတ်တစ်လက်..ခလုတ်ဆွဲကာဟန်ယွင်အားပစ်လိုက်ချိန်တွင်

“အကိုဟန်ယွင်”
လျှောက်လမ်းမှဟန်ယွင်ဆီသို့ပြေးလာသောကောင်လေး…..
ဟန်ယွင်ကြည့်လိုက်မိချိန် သူ့ကမ္ဘာကြီးရပ်တန့်သွားပြီဟုထင်မှတ်လိုက်ရသည်
“မင်ရှီး!!!!!!!”
ဟန်ယွင် သွေးများပေကျံနေသောကောင်လေးအားပြေးပွေ့လိုက်သည်
“မင်ရှီး ကိုယ်ပြောတာကြားလား
မင်ရှီး မင်ရှီး….. “ဟန်ယွင် သွေးရူးသွေးတန်းဖြင့်ခေါ်နေမိသည်..

System: “Host ဒီကိုယ်ထဲအခုထွက်မှဖြစ်မယ်နော် မဟုတ်ရင်Hostပါသေလိမ့်မယ် “

“အင်း သွားကြတာပေါ့ ” ကယ်ရီ ဟန်ယွင်အားပြုံးကြည့်ရင်းငြိမ်သက်သွားခဲ့သည်..။

“အား…..ဒီလိုမဖြစ်ရဘူးလေ
ကိုယ့်ကိုထားမသွားပါနဲ့ ကိုယ်မင်းကိုချစ်တဲ့အကြောင်းတွေမပြောပြရသေးဘူးလေ မင်ရှီး ကိုယ့်ကိုကြည့်….ကိုယ့်ကိုကြည့်ပါအုံးလို့… ကိုယ်ကမင်းကိုသိပ်ချစ်တာ သိလား ဒီမှာကြည့်အုံး ရောင်စုံဘောလုံးလေးတွေမလှဘူးလား မင်းကြိုက်တတ်တဲ့နှင်းဆီပန်းအဖြူလေးတွေနဲ့လည်းပြင်ထားသေးတယ်လေ အဲ့တာကြောင့်ကျေးဇူးပြုပြီးမျက်လုံးဖွင့်ပါအုံး ကိုယ်မင်းကိုဘယ်လောက်ချစ်ကြောင်းပြောတာကိုလည်းနားထောင်ပေးပါအုံး
မင်ရှီး!!!!!!!!!!!!!!!”

ဟန်ယွင် နေ့နေ့ညညစိတ်ကူးယဉ်ခဲ့ရသည့်နေရာလေးက ဟန်ယွင်တစ်ခါမှမစဉ်းစားဖူးခဲ့တဲ့အဖြစ်ပျက်မျိုးဖြစ်ခဲ့သည်..။ ရဲများရောက်လာကာ မင်ရှီးအလောင်းအားစစ်ဆေးရန်သယ်ယူဖို့ကြိုးစားသော်လည်း ဟန်ယွင်မှအရူးတစ်ယောက်လိုဖက်ထားကာမည်သူမှအထိမခံခဲ့ မျက်လုံးများနီရဲကာ မင်ရှီး၏သွေးများဖြင့်တစ်ကိုယ်လုံးပေကျံနေသည်မှာ နတ်ဆိုးတစ်ကောင်နှင်ပင်တူနေတော့သည်….

☄☄☄☄☄Arc 1 End ☄☄☄☄☄

AN-ဝမ်ဝမ်ဘယ်လိုဖြစ်သွားလဲဆိုတာမပြောလည်းသိကြတယ်မလား ချောင်တစ်ချောင်မှာသေချင်လည်းသေရှင်ချင်လည်းရှင်နေမှာပေါ့ 😆 ယူတို့ဖြစ်စေချင်တဲ့ဝမ်ဝမ်ရဲ့ဇာတ်သိမ်းလေးအပန်းမကြီးရင်မန့်ခဲ့လို့ရပါတယ်
Endဆိုပေမယ့်ကျန်သေးတယ်နော်
ပြီးတော့ Arc 1မှာ ဖွင့်တောင်မပြောလိုက်ရတဲ့ဟန်ယွင်အတွက်စိတ်မကောင်းပါဘူး…
ကိုယ်ရေးချင်တဲ့ပုံစံမျိုးကလေ Arcတွေခွဲထားတယ်ဆိုပေမယ့် တစ်ပုဒ်ထဲဖတ်နေရသလိုမျိုးလေ ဥပမာ Arc 3မဖတ်ထားရင် arc 4ကိုနားမလည်သလိုမျိုး အဲ့လိုမျိုးဖန်တီးကြည့်ချင်တာပါ Arc 1မှာဆိုရင် ကယ်ရီက အချစ်ဆိုတာကိုဘာမှန်းမသိသေးတဲ့ပုံစံမျိုးသွားထားတယ် သူခံစားရတာက နွေးထွေးတဲ့မေတ္တာတရား လောက်ပဲသိသလိုပေါ့ နောက်arcတွေမှ သူ့ကိုယ်သူ ပြန်လည်စမ်းစစ်တဲ့အပိုင်းတွေပေါ့နော် အဲ့လိုမျိုးလေးရေးချင်လို့ ဒီအပိုင်းမှာယုတ်မာလိုက်ရတာပါ နောက်Arcတွေမှာလည်းကြုံရင်ကြုံသလိုယုတ်မာပါမယ်😁
အခုမှစရေးတာဆိုတော့လေ ချာတူးလန်နေမှန်းလဲသိပါတယ် သည်းခံဖတ်ပေးလို့လည်းကျေးဇူးတင်ပါတယ် 😙

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 1 End (မင္႐ွီး), novel System 286 (On Going) Arc 1 End (မင္႐ွီး), read System 286 (On Going) Arc 1 End (မင္႐ွီး) online, System 286 (On Going) Arc 1 End (မင္႐ွီး) chapter, System 286 (On Going) Arc 1 End (မင္႐ွီး) high quality, System 286 (On Going) Arc 1 End (မင္႐ွီး) light novel, ,

Comment

Leave a Reply

Chapter 22